Huawei HiSuite နှင့် ကိုယ်ပိုင် အချက်အလက်အကြောင်း ကြေညာချက်

Huawei HiSuite သည် Huawei Device Co., Ltd. နှင့် ၎င်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ လက်အောက်ခံ ကုမ္ပဏီများ (ဤမှစ၍ နောင်တွင် "Huawei" "ကျွန်ုပ်တို့" "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) က လုပ်ဆောင်သော ထုတ်ကုန် (သို့မဟုတ် ဝန်ဆောင်မှု) တစ်ခု ဖြစ်ပြီး သင်၏ မိုဘိုင်းစက်များအတွက် ဒေတာ ဘက်ခ်အပ်နှင့် ပြန်လည်ရယူမှု၊ စနစ် အပ်ဒိတ်နှင့် အဆင့်မြှင့်တင်မှုများကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင့်ကိုယ်ရေး အချက်အလက်၏ အရေးကြီးပုံကို နားလည်ပြီး ၎င်းကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါမည်။ သတ်မှတ်ထားသော လုပ်ငန်း လုံခြုံရေး စံနှုန်းများအတိုင်း သင်၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် သင့်လျော်သော လုံခြုံရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည်ဟု ကျွန်ုပ်တို့ ကတိပြုပါသည်။

ဤထုတ်ကုန် (သို့မဟုတ် ဝန်ဆောင်မှု) ကို အသုံးမပြုမီ Huawei HiSuite နှင့် ကိုယ်ပိုင် အချက်အလက်အကြောင်း ကြေညာချက် ကို သဘောပေါက်နားလည်အောင် ဖတ်ရှုပါ။

ထုတ်ကုန် (သို့မဟုတ် ဝန်ဆောင်မှု) ကို စတင်အသုံးပြုချိန်တွင် သင်သည် အရွယ်ရောက်သူတစ်ဦးဖြစ်ကြောင်း ဤနေရာတွင် ကိုယ်စားပြု၍ အာမခံပါသည်။ သင်သည် အရွယ်မရောက်သေးသူတစ်ဦးဖြစ်ပါက သင့်အုပ်ထိန်းသူက သင်၏ ဤထုတ်ကုန် (သို့မဟုတ် ဝန်ဆောင်မှု) ကို သုံးစွဲမှုနှင့် သက်ဆိုင်ရာ စည်းကမ်းချက်နှင့် သတ်မှတ်ချက်များကို သဘောတူရပါမည်။

သင့်တွင် မေးခွန်းများ၊ မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များ ရှိပါက ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်း- 400-830-8300/800-830-8300 မှတစ်ဆင့်ဖြစ်စေ၊ အွန်လိုင်း သုံးစွဲသူ ဝန်ဆောင်မှုမှတစ်ဆင့်ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ ရုံးများတွင်ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ရုံးစာရင်းအပြည့်အစုံကို ရရှိရန်Huawei သို့ ဆက်သွယ်ရန် စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုပါ။

ကျွန်ုပ်တို့တွင် ကိုယ်ရေး အချက်အလက်များကို ကာကွယ်ခြင်းအတွက် ရည်ရွယ်လုပ်ဆောင်ထားသည့် ဌာန (သို့မဟုတ် ကျွမ်းကျင်ပညာရှင်များ) ရှိပြီး ကိုယ်ပိုင်အချက်အလက်အကြောင်း မေးခွန်းများ စာမျက်နှာသို့ သွားရောက်ခြင်းဖြင့် ဆက်သွယ်နိုင်ပါသည်။

ပုံမှန်အခြေအနေများတွင် ကျွန်ုပ်တို့က တစ်လအတွင်း အကြောင်းပြန်ပါမည်။

သင်သည် ကျွန်ုပ်တို့၏ တုံ့ပြန်ချက်ကို ကျေနပ်မှု မရှိပါက အထူးသဖြင့် သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့က စီမံဆောင်ရွက်မှု သို့မဟုတ် ကိုင်တွယ်ဆောင်ရွက်မှုသည် သင်၏ ဥပဒေကြောင်းအရ အခွင့်အရေးများ နှင့်/သို့မဟုတ် အကျိုးစီးပွားများကို ချိုးဖောက်နေသည် သို့မဟုတ် ထိခိုက်နေသည်ဟု ခံစားရပါက သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ ပြည်သူ့တရားရုံးတွင် တရားစွဲဆိုတိုင်တန်းခြင်း၊ လုပ်ငန်းဆိုင်ရာ ကိုယ်ပိုင် စည်းမျဉ်းများ သတ်မှတ်ထားရှိသော အဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာ အစိုးရ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသော ဌာနများသို့ တိုင်ကြားချက်တစ်ခု တင်သွင်းခြင်း သို့မဟုတ် အခြား နည်းလမ်းများဖြင့် ပြင်ပမှ တိကျသော ဆုံးဖြတ်ချက်တစ်ခုကို တောင်းခံနိုင်ပါသည်။

1. ကျွန်ုပ်တို့က သင်၏ ကိုယ်ရေး အချက်အလက်များကို စုစည်းရယူပုံနှင့် အသုံးပြုပုံ

ကိုယ်ရေး အချက်အလက်ဆိုသည်မှာ အီလက်ထရောနစ်နည်းဖြင့် သို့မဟုတ် အခြားနည်းလမ်းများဖြင့် မှတ်တမ်းတင်ထားပြီး တိကျသော လူပုဂ္ဂိုလ်တစ်ဦးကို မည်သူမည်ဝါ ဖော်ထုတ်ရန် သို့မဟုတ် တိကျသော လူပုဂ္ဂိုလ်တစ်ဦး၏ လုပ်ဆောင်ချက်ကို ထင်ဟပ်စေရန် သူ့ချည်းသက်သက် အသုံးပြုနိုင်သော သို့မဟုတ် အခြား အချက်အလက်များနှင့် ပေါင်းစပ်အသုံးပြုနိုင်သော အချက်အလက်မျိုးစုံကို ရည်ညွှန်းပါသည်။

အရေးကြီးသော ကိုယ်ရေး အချက်အလက်များတွင် ကိုယ်ပိုင် အထောက်အထား နံပါတ်၊ ကိုယ်ပိုင် ဇီဝရုပ်လက္ခဏာ အချက်အလက်၊ ဘဏ်အကောင့်နံပါတ်၊ ပိုင်ဆိုင်ပစ္စည်း အချက်အလက်၊ တည်နေရာများ၊ ငွေသွင်းငွေထုတ် အချက်အလက်များနှင့် အသက် 14 နှစ်နှင့် အောက်ရှိသော ကလေးငယ်များ၏ ကိုယ်ရေး အချက်အလက်များ ပါဝင်သည်။

ကျွန်ုပ်တို့သည် ဤကြေညာချက်တွင် ဖော်ပြထားသော အောက်ပါ ရည်ရွယ်ချက်များအတွက်သာ သင်၏ ကိုယ်ရေး အချက်အလက်များကို စုစည်းရယူပြီး အသုံးပြုပါမည်-

သင့်အား အောက်ပါ အဓိက လုပ်ဆောင်ချက်များကို ပံ့ပိုးပေးခြင်း

(1) ဘက်ခ်အပ်လုပ်ခြင်းနှင့် ပြန်ရယူခြင်း

ဘက်ခ်အပ်လုပ်ခြင်းနှင့် ပြန်ရယူခြင်း ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန် ကျွန်ုပ်တို့သည် ဖော်ပြပါ သင်၏ အချက်အလက်များကို စုစည်းရယူရန် လိုအပ်ပါသည်-

စက် အမှတ်သင်္ကေတ၊ လည်ပတ်လုပ်ဆောင်သည့်စနစ်၊ စက်အမည်၊ စက်အမျိုးအစား၊ စက် IP နှင့် (CPU အမျိုးအစားနှင့် ROM/RAM အချက်အလက်များကဲ့သို့) စက်ဟာ့ဒ်ဝဲ အချက်အလက်များ အပါအဝင် စက် အချက်အလက်များ။

HiSuite ဗားရှင်းနှင့် လည်ပတ်လုပ်ဆောင်သည့် စနစ်ဗားရှင်းအပါအဝင် ကွန်ပျူတာ ဆော့ဖ်ဝဲ အချက်အလက်များ။

အထက်ဖော်ပြပါ သင်၏ ဒေတာများကို စက်ထဲတွင်သာ သိမ်းဆည်းမည်ဖြစ်ပြီး Huawei ဆာဗာများပေါ်သို့ အပ်လုဒ်တင်မည် မဟုတ်ပါ။

(2) မိုဘိုင်းဖုန်းစနစ် အပ်ဒိတ်လုပ်ခြင်းနှင့် ပြင်ဆင်မှု

စနစ် အပ်ဒိတ်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း ဝန်ဆောင်မှုများကို သင့်အား ချက်ချင်း ပံ့ပိုးပေးရန် ကျွန်ုပ်တို့သည် ဖော်ပြပါ သင်၏ အချက်အလက်များကို စုစည်းရယူရန် လိုအပ်ပါသည်-

စက်အမှတ်သင်္ကေတ၊ စက်အမည်၊ စက် အမျိုးအစား၊ စက် CPU အမျိုးအစား၊ ROM/RAM အချက်အလက်များနှင့် စနစ်ဗားရှင်း အပါအဝင် စက် အချက်အလက်များ။

သင့် IP လိပ်စာ အပါအဝင် ကွန်ပျူတာ ကွန်ရက် အချက်အလက်များ။

ထိုသို့သောအချက်အလက်ကို စုစည်းရယူရသည့် ရည်ရွယ်ချက်မှာ သင့်စက်အတွက် ကိုက်ညီမှုရှိသော ROM ဗားရှင်းကို ပံ့ပိုးပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါ နည်းလမ်းများအတိုင်း အသုံးပြုပါမည်- သင်ပံ့ပိုးပေးသည့် စက်နှင့် စနစ်အချက်အလက်များကို အခြေခံပြီး သင့်စက်အတွက် သင့်လျော်သော ROM ဗားရှင်းကို ရှာဖွေ ပေးပို့ခြင်းအပြင် စနစ်ထဲတွင် ရှိနေနိုင်သော အန္တရာယ်များကို ဖြေရှင်းရန် သင့် ခွင့်ပြုချက်ကို ရယူပြီးနောက် နောက်ဆုံးထွက် ROM ကို ဒေါင်းလုဒ်လုပ်ပြီး သင့်စနစ်ကို အပ်ဒိတ်လုပ်ခြင်း။

သင်က အဆိုပါ အချက်အလက်များကို ပံ့ပိုးမပေးပါက ကျွန်ုပ်တို့သည် သင့်စနစ်ကို အပ်ဒိတ်လုပ်နိုင်မည်မဟုတ်သည့်အပြင် လက်ရှိ လုံခြုံရေး အန္တရာယ်များကို ပြုပြင်နိုင်မည် မဟုတ်ပါ။

(3) အက်ပ် အပ်ဒိတ်များနှင့် ဒေါင်းလုဒ်များ

သင့်စနစ်ထဲတွင် ထည့်သွင်းထားသော အက်ပ်များအတွက် အပ်ဒိတ်များနှင့် ဒေါင်းလုဒ်များ လုပ်ဆောင်ရန် ကျွန်ုပ်တို့သည် ဖော်ပြပါ သင်၏ အချက်အလက်များကို စုစည်းရယူရန် လိုအပ်ပါသည်-

အက်ပ်အမည်နှင့် ဗားရှင်းအပါအဝင် အက်ပ် အချက်အလက်များ။

စက် အမှတ်သင်္ကေတနှင့် UDID အပါအဝင် စက်အချက်အလက်များ။

သင့် IP လိပ်စာနှင့် Mac လိပ်စာ အပါအဝင် ကွန်ပျူတာ ကွန်ရက် အချက်အလက်များ။

ထိုသို့သောအချက်အလက်ကို စုစည်းရယူရသည့် ရည်ရွယ်ချက်မှာ သင့်စက်အတွက် ကိုက်ညီမှုရှိသော အက်ပ်ဗားရှင်းကို ပံ့ပိုးပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါ နည်းလမ်းများအတိုင်း အသုံးပြုပါမည်- သင် ပံ့ပိုးပေးသည့် အက်ပ်၊ စက်နှင့် စနစ်အချက်အလက်များကို အခြေခံပြီး သင့်စက်အတွက် သင့်လျော်သော အက်ပ်ဗားရှင်းကို ရှာဖွေ ပေးပို့ခြင်းနှင့် သင့်ခွင့်ပြုချက်ကို ရယူပြီးနောက် နောက်ဆုံးထွက် အက်ပ်ဗားရှင်းကို ဒေါင်းလုဒ်လုပ်ခြင်း။

သင်က အဆိုပါ အချက်အလက်များကို ပံ့ပိုးမပေးပါက ကျွန်ုပ်တို့သည် နောက်ဆုံးထွက် အက်ပ်ဗားရှင်းကို ရှာဖွေခြင်း၊ အပ်ဒိတ်လုပ်ခြင်းနှင့် ဒေါင်းလုဒ်လုပ်ခြင်း လုပ်နိုင်မည် မဟုတ်ပါ။

(4) ဝန်ဆောင်မှု တိုးတက်အောင် လုပ်ဆောင်မှု

ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုအတွေ့အကြုံကို သင့်အား ပံ့ပိုးပေးရန် ကျွန်ုပ်တို့သည် ဖော်ပြပါ သင်၏ အချက်အလက်များကို စုစည်းရယူရန် လိုအပ်ပါသည်- အက်ပ် ကိန်းဂဏန်းအချက်အလက်ပြဒေတာနှင့် HiSuite သုံးစွဲမှု အပြုအမူ ဒေတာများ။ ထိုသို့သောအချက်အလက်ကို စုစည်းရယူရသည့် ရည်ရွယ်ချက်မှာ သင့်စက်အတွက် ကိုက်ညီမှုရှိသော အက်ပ်ဗားရှင်းကို ပံ့ပိုးပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို အောက်ပါ နည်းလမ်းများအတိုင်း အသုံးပြုပါမည်- အက်ပ် ကိန်းဂဏန်းအချက်အလက်ပြဒေတာနှင့် HiSuite သုံးစွဲမှု အပြုအမူ ဒေတာများကို အခြေခံပြီး ပိုမိုကောင်းမွန်သော သုံးစွဲသူ အတွေ့အကြုံနှင့် တစ်ဦးချင်းအကြိုက် ထုတ်ကုန်များနှင့့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်း။

ဤလုပ်ဆောင်ချက်ကို စတင်အသုံးပြုရန် သို့မဟုတ် အသုံးပြုခြင်းကို ရပ်စဲရန် HiSuite ထဲရှိ ဆက်တင်များ > အထွေထွေ သို့ သွားပြီးနောက် သုံးစွဲသူ အတွေ့အကြုံ တိုးတက်ရေး အစီအစဉ်တွင် ပါဝင်ပါ ကို အမှန်ခြစ်ပါ သို့မဟုတ် အမှန်ခြစ်ဖြုတ်ပါ။

2. ဒေတာပိုင်ရှင်ဖြစ်သူ သင်၏ အခွင့်အရေးများ

သင်သည် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဒေတာပိုင်ရှင် အခွင့်အရေးများကို ခံစားခွင့် ရှိပါသည်။ ဒေတာပိုင်ရှင်ဖြစ်သူ သင်၏အခွင့်အရေးများနှင့် ပတ်သက်သည့် မေးခွန်းများ၊ ထင်မြင်ချက်များ သို့မဟုတ် အကြံပြုချက်များ ရှိပါက ဤကြေညာချက်တွင် ပါရှိသည့် ဆက်သွယ်ရန် အချက်အလက်များကို သုံးကာ ကျွန်ုပ်တို့ထံ ဆက်သွယ်ပေးပါ။

3. ဒေတာသိမ်းဆည်းသည့် တည်နေရာနှင့် ကာလ

(1) ဒေတာ သိမ်းဆည်းသည့် တည်နေရာ

မိုဘိုင်းဖုန်း စနစ်အပ်ဒိတ်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း ဝန်ဆောင်မှုများ အောက်တွင် ကျွန်ုပ်တို့ စုစည်းရယူပြီး ထုတ်ပေးသော ကိုယ်ရေး အချက်အလက်များကို People\'s Republic of China (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) တွင် သိမ်းဆည်းပါမည်။

(2) ဒေတာ သိမ်းဆည်းသည့် ကာလ

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ၎င်း၏ရည်ရွယ်ချက်များအတွက် လိုအပ်သည့် အချိန်ကာလတစ်ခုအထိသာ သိမ်းဆည်းထားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများက အခြားနည်းဖြင့် သတ်မှတ်ထားသည့်အခါမှလွဲ၍ အောက်တွင် ဖော်ပြထားသည့် အချိန်ကျော်လွန်သွားပါက သင်၏ ကိုယ်ရေး အချက်အလက်များကို ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင် မည်သူမည်ဝါမဖော်နိုင်ရန် ပြုလုပ်ပါမည်။

မိုဘိုင်းဖုန်းစနစ် အပ်ဒိတ်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း ဝန်ဆောင်မှုများအတွက် သင်၏ ကိုယ်ရေး ဒေတာများကို ထိန်းသိမ်းထားသည့် ကာလ အတိအကျမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ကျွန်ုပ်တို့နှင့် နောက်ဆုံး အပြန်အလှန် ဆက်သွယ်ပြောဆိုခဲ့သည့်ရက်မှ ခြောက် (6) ကြာပြီးနောက် အထက်ဖော်ပြပါ ကိုယ်ရေးဒေတာများကို ဖျက်ပစ်မည်ဖြစ်ပြီး ဤကာလအတွင်း မည်သည့် လုပ်ငန်းဆောင်ရွက်ချက်မျိုးမှ မရှိရပါ။

ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ ပံ့ပိုးခြင်းကို ရပ်ဆိုင်းလိုက်ပါက အလိုအလျောက် အသိပေး အချက်ပြမှု၊ ကြေညာချက် သို့မဟုတ် အခြားနည်းလမ်းများဖြင့် သင့်ကို အကြောင်းကြားမည်ဖြစ်ပြီး သင့်လျော်သည့် အချိန်ကာလတစ်ခုအတွင်း သင်၏ ကိုယ်ရေး အချက်အလက်များကို ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင် မည်သူမည်ဝါမှန်း မသိအောင် ပြုလုပ်ပါမည်။

4. ဤကြေညာချက်တွင် အပ်ဒိတ်များ ပြုလုပ်ခြင်း

Huawei သည် သင့်လျော်သည့် အချိန်တွင် ဤကြေညာချက်ကို အပ်ဒိတ်လုပ်ခွင့်ကို ထိန်းသိမ်းထားပါသည်။ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသောအခါ ကျွန်ုပ်တို့သည် ရုတ်တရက် ပေါ်လာသည့် ဒိုင်ယာလော့ဂ် ဘောက်စ်ပုံစံဖြင့် ပြောင်းလဲကြောင်း အသိပေး အချက်ပြမှုတစ်ခုကို သင့်ထံ ပေးပို့ပါမည်။ ကျွန်ုပ်တို့သည် အပ်ဒိတ်လုပ်ထားသော ကြေညာချက်နှင့်အညီ သင့်ကိုယ်ရေး အချက်အလက်များကို သင်၏ ခွင့်ပြုချက်ဖြင့်သာ စုစည်းရယူခြင်း၊ သုံးစွဲခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်သွားပါမည်။

ဤကြေညာချက်သည် အပ်ဒိတ်လုပ်လိုက်သည့် ရက်စွဲမှ စတင်၍ အကျုံးဝင်ပါသည်။

နောက်ဆုံး အပ်ဒိတ်လုပ်ထားသည့် ရက်စွဲ- ဧပြီလ 25 ရက်၊ 2018

အရေးကြီးပါသည်- ဤကိုယ်ပိုင်အချက်အလက် ကြေညာချက်တွင် Huawei HiSuite အက်ပ်အတွက် ကိုယ်ပိုင်အချက်အလက် ကြေညာချက်နှင့် ကတိပြုဆောင်ရွက်ချက်တို့ ပါဝင်ပါသည်။ ဒေတာပိုင်ရှင်ဖြစ်သူများ၏ အခွင့်အရေးများ၊ အချက်အလက်လုံခြုံရေး ဆောင်ရွက်ချက်များနှင့် အခြား အသေးစိတ်များနှင့်ပတ်သက်၍ နောက်ထပ်လေ့လာရန်Huawei သုံးစွဲသူနှင့် လုပ်ငန်းဆက်နွှယ်မှုဆိုင်ရာ ကိုယ်ပိုင်အချက်အလက် ကြေညာချက်ကို ဖတ်ရှုပါ။